19July Profile

Saturday, 29 June 2019

မန်းဘခိုင်


  • ဤစာမျက်နှာကို စော
မန်းဘခိုင်
Manbakhaing.jpg
(၁၉၀၃-၁၉၄၇)
မွေးသက္ကရာဇ်၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း (၇)ရက်နေ့
၂၆ အောက်တိုဘာ ၁၉၀၃ခုနှစ်
အမည်ရင်းမန်းဘခိုင်
မိဘအမည်မန်းပေကုန်း + ဒေါ်ပု
မွေးဖွားရာဒေသယုန်သလင်းရွာ ဟင်္သာတမြို့ဧရာဝတီတိုင်း
နိုင်ငံသားFlag of Myanmar.svg မြန်မာနိုင်ငံ
လူမျိုးကရင်လူမျိုး
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်း(၇) တန်း
အလုပ်အကိုင်ဝန်ကြီး၊ စက်မှုလက်မှုနှင့် အလုပ်သမား ဝန်ကြီးဌာန
ကြင်ဖော်ဒေါ်ခင်နီ
သားသမီး
ထင်ပေါ်ကျော်ကြားမှုအာဇာနည် ကိုးဦး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်၁၉ ဇူလိုင် ၁၉၄၇
ကွယ်လွန်ရာဒေသရန်ကုန်မြို့၊ မြန်မာနိုင်ငံ
လက်မှတ်[[Image:|100px]]
ကွန်ယက

ဘခိုင်၊ မန်း ( မြန်မာ ၁၂၆၅-၁၃ဝ၉ )ပြင်ဆင်

မန်းဘခိုင်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

မန်းဘခိုင် သည် ဟင်္သာတမြို့မှ ၁၅-မိုင်ခန့်ဝေးသော ဟင်္သာတ-ပုသိမ် မီးရထား လမ်းပေါ်ရှိ၊ ယုန်သလင်းရွာရွာသူကြီး-မန်းပေကုန်း၊ ဒေါ်ပုတို့၏ ပဉ္စမသားဖြစ်သည်။ ၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း ရ-ရက်နေ့တွင် ယုန်သလင်းရွာတွင် မွေးဖွားသည်။

ပညာရေးပြင်ဆင်

ဟင်္သာတမြို့ (--)ကျောင်းတွင်ပညာသင်ကြားခဲ့ရာ၊ ၁၉၂ဝ ခုနှစ်တွင် ရ တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက်ဘားမားရိုင်ဖယ်တပ်သို့ ဝါသနာ အလျောက်ဝင်ရာ၊ မိဘများကသဘောမတူသဖြင့် ထွက်၍ ရန်ကုန်မြို့ စေကော ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်သည်။

ကိုယ်ပိုင်စီးပွားရေးပြင်ဆင်

၁၉၂၆ ခုနှစ်တွင် မိမိလက်အောက်မှ ကရင်အမျိုးသား စာရေးတစ်ဦး ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီမန်နေဂျာနှင့် သဘောမတိုက်ဆိုင်ဖြစ်ကာ အလုပ်မှ နုတ်ထွက်သည်။ ထိုနောက် မန်းဘခိုင်သည် ယုန်သလင်းရွာသို့ပြန်ကာ ညီအစ်ကိုများစု၍ အောင်ခင်ညီများကုမ္ပဏီ ဟူသော အမည်ဖြင့်လုပ်ငန်းတစ်ခုထောင်လျက် ရပ်သူရွာသားများ သက်သာချောင်ချိရေး အတွက် သမဝါယမနည်းဖြင့် အရောင်းအဝယ်လုပ်ကိုင်သည်။

ကရင်အမျိုးသား တိုးတက်ရေးပြင်ဆင်

ယင်းသို့အရောင်းအဝယ်လုပ်ရင်း ကလေးသူငယ်များကရင်ဘာသာကိုသင်ကြားနိုင်စေရန် မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံကာ ကျောင်းတစ်ကျောင်းဖွင့်၍ ကိုယ်ဖိရင်ဖိ စီမံအုပ်ချုပ်သည်။ အရောင်းအဝယ်ကိစ္စ၊ ကျောင်းကိစ္စများဖြင့်ရန်ကုန်သို့ မကြာခဏ ရောက်ရှိရာ ကရင်ခေါင်းဆောင်ကြီးများဖြစ်သော ဆစ်ဒနီလူနီ၊ ဆရာကြီး မန်းရွှေဘ (ဆရာရွှေဘ)တို့နှင့် တွေ့ဆုံဆွေးနွေးမိရာမှ ကရင်လူငယ်များ အသင်းကိုစတင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုပြင်ဆင်

၁၉၃၇ ခုနှစ် ပုသိမ်မြောက်ပိုင်း အမတ်တစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ မန်းဘခိုင်အရွေးခံရသည်။ ၁၉၃၈-ခု မတ်လ ၂၃-ရက်နေ့တွင် ပဲခူးမြို့ သူဌေးဦးဖောက်၏ သမီးထွေး ဒေါ်ခင်နီနှင့် လက်ထပ်သည်။
၁၉၄၁-ခုနှစ်တွင် တရားရေးဌာနဝန်ကြီး စောဖေသာ၏ အတွင်းဝန်ကလေး အဖြစ်ခန့်ထားခြင်းခံရသည်။ ငှက်ပျောခြံလုပ်သော ကရင်အမျိုးသားများသာရှိပြီး ကရင် အမျိုးသားပိုင် ငှက်ပျောပွဲရုံမရှိသည်ကို တွေးမိကာ စစ်ကြီးအတွင်းက ပုဇွန်တောင်ဈေး တံတားအနီးတွင် ငှက်ပျောပွဲရုံစတင်ဖွင့်ခဲ့သည်။
ငှက်ပျောပွဲရုံလုပ်ငန်း အခြေကျသောအခါ ထိုလုပ်ငန်းကို ဇနီးသည်နှင့် လွှဲထား၍ နိုင်ငံရေးကို စိတ်ရောကိုပါ ဆောင်ရွက်ပြန်သည်။ ၁၉၄၄ နှစ်ဦးတွင် ၎င်းတို့ငှက်ပျောပွဲရုံပေါ် ဗုံးကျသဖြင့် မိသားစု ယုန်သလင်းရွာသို့ပြန်ကြသည်။ ယုန်သလင်းတွင် ကရင်လူငယ်များကိုစု၍ ဖက်ဆစ်တော်လှန်ရေးအတွက် ကိုယ်ဖိရင်ဖိဆောင်ရွက်သည်။
၁၉၄၅-ခုနှစ်တွင် စစ်ပြီး၍ ရန်ကုန်မြို့သို့ပြန်မာသောအခါဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူလက်တွဲပြီးဖဆပလအဖွဲ့ကြီး ဖြစ်မြောက်ရေးအတွက်ကြိုးပမ်းသည်။ အဖွဲ့ကြီး ဖွဲ့စည်းပြီးသောအခါ ဗဟိုအမှုဆောင်လူကြီးအဖြစ် ဆောင်ရွက်ရသည်။ ထိုအချိန်တွင် ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရပြန်သည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြစ်ဝကျွန်းပေါ် ဖဆပလဖွဲ့စည်းရေး တာဝန်ခံအဖြစ်နယ်ထွက်နေစဉ် ဖဆပလအဖွဲ့ကြီးအား ဘုရင်ခံအမှုဆောင် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းရန် ဘုရင်ခံကလွှဲအပ်သည်တွင် မန်းဘခိုင်သည် စက်မှုလက်မှုနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်။

ဘဝနိဂုံးပြင်ဆင်

၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင် ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပနေစဉ် လူမသမာတို့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ 

ကိုးကားပြင်ဆင်

  1. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)

Posted by Netso ( MGN Dev ) at 08:21
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

About Me

My photo
Netso ( MGN Dev )
View my complete profile

Blog Archive

  • ▼  2019 (9)
    • ▼  June (9)
      • ဗိုလ်ချုပ်အောင်ဆန်း
      • ဦးဘချို
      • မန်းဘခိုင်
      • ဦးဘဝင်း
      • သခင်မြ
      • ဦးရာဇတ်
      • စဝ်စံထွန်း
      • ဦးအုန်းမောင်
      • ရဲ​ဘော်​ကို​ထွေး
Simple theme. Powered by Blogger.